Monday, February 5, 2018
Monday, January 1, 2018
Friday, December 22, 2017
Sunday, November 19, 2017
TEIP Kachin State
TEIP(Township Education
Improvement Plan)
ပညာရေးဝန်ကြီးဌာနနှင့်ယူနီဆက်တို့ကမြို့နယ်ပညာရေး
ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို ၂၀၁၀
ခုနှစ်မှစတင်၍
စီမံကိန်းမြို့နယ်များတွင်စမ်းသတ်အကောင်အထည်ဖော်ခဲ့
ပါတယ်။၂၀၁၇ခုနှစ်တွင် မွန်ပြည်နယ်(၁၀)မြို့နယ်၊
ကယား
ပြည်နယ်(၇)မြို့နယ်မှာအကောင်အထည်ဖော်နိုင်ရန်အလုပ်ရုံ
ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင်(၂၃.၁၀.၁၇မှ၂၈.၁၀.၁၇)
ထိ မြို့နယ်ပညာရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်ရေးဆွဲခြင်း
အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
တစ်မြို့နယ်လျှင် ဝန်ထမ်း(၉)ဦးစီ-မြို့နယ်ပညာရေးမှူး၊
လ/ထမြို့နယ်ပညာရေးမှူး၊ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊
အထက-ကျောင်းအုပ်၊အလက-ကျောင်းအုပ်(၂)ဦး၊
အမက-ကျောင်းအုပ်(၃)ဦးတက်ရောက်ကြရပါတယ်။
ခရိုင်ရုံးများအနေဖြင့် တစ်ခရိုင်လျှင်(၂)ဦးနှုန်းတက်ရောက်
ကြရပါတယ်။
စီမံချက်ရေးဆွဲရာတွင်အဓိကကျတဲ့လုပ်ငန်းစဉ်တွေကတော့
(၁)Organization (ကော်မတီဖွဲ့စည်းခြင်း)
(၂)Data Collection (အချက်အလက်စုစည်းခြင်း)
(၃)Trend Analysis (တိုးတက်ဖြစ်ထွန်းမှုအလားအလာကို
လေ့လာဆန်းစစ်ခြင်း)
(၄)PLA (Participatory Learning
and Action)
(လူထုပါဝင်မှုဖြင့်လိုအပ်ချက်ဖော်ထုတ်ခြင်းနှင့်အစီအစဉ်ရေးဆွဲခြင်း)
(၅)Activities (အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ)
(၆)Targets (ဆောင်ရွက်မည့်လုပ်ငန်းများ၏ရည်မှန်းချက်)
(၇)Monetary (လုပ်ငန်းတစ်ခုချင်းအတွက်ငွေကြေးတွက်ချက်မှု)
တို့ပဲဖြစ်ပါတယ်။
ဤစီမံချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက်
လာမည့်ဒီဇင်ဘာမှာ ခရိုင်/မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲများ
ကို ကျင်းပပြုလုပ်မည်ဟု ပြည်နယ်အဆင့်သင်တန်းကာလမှာ
သိခဲ့ရပါတယ်။
မြို့နယ်များအနေဖြင့် ဦးစွာပထမဆောင်ရွက်ထားရမှာတော့
ပညာရေးအညွန်းကိန်း(၄၇)ချက်ဖြစ်ပါတယ်။အခြေခံကျောင်းများ
အားလုံးအညွန်းကိန်း(၄၇)ချက်ကိုကောင်းစွာနားလည်သဘော
ပေါက်ဖို့အရေးကြီးပါတယ်။Data အချက်အလက်ကို
မှန်မှန်ကန်ကန်
နဲ့(၅)နှစ်စာပြုစုထားရမှာဖြစ်ပါတယ်။ရရှိတဲ့
Data အချက်အလက်
တွေကိုကြည့်ပြီး ပညာရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်ကိုရေးဆွဲ
အကောင်အထည်ဖော်ကြရမှာဖြစ်ပါတယ်။
“ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်
“ ဆိုတဲ့စကားအတိုင်း
မိမိတို့မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တက်ညီလက်ညီ
ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်။
Friday, November 3, 2017
တန်ဆောင်တိုင်
တန်ဆောင်တိုင်(တန်ဆောင်မုန်းလပြည့်)
၂ဝ၁၇နိုဝင်ဘာ(၃)ရက်၊တန်ဆောင်မုန်းလပြည့်နေ့ကတော့
ဗုဒ္ဓဘာသာဝင်တို့ရဲ့တန်ဆောင်တိုင်ပွဲတော်ဖြစ်ပါတယ်။
တန်ဆောင်တိုင်ပွဲတော်မှာဘုရားရှင်အားမီးထွန်းပူဇော်ခြင်း၊
ကထိနစီဝရံ၊ကထိန်သင်္ကန်းလှူဒါန်းခြင်း၊မသိုးသင်္ကန်းရက်လုပ်
ပူဇော်ခြင်း၊စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊မီးပုံးပျံလွှတ်တင်ပူဇော်
ခြင်း၊ ကျီးမနိုးပွဲပြုလုပ်ကစားခြင်း၊ကောင်းကင်တွင်ကြယ်စုံသောည
ဖြစ်သဖြင့်ဆေးပေါင်းခ သည်ဟူသောအယူရှိကြ၍
မယ်ဇလီဖူး
သုတ်စားသောအလေ့အထများ အစရှိသဖြင့် ဒေသအလိုက်
အစဉ်လာမပျက် ကျင်းပလျှက်ရှိပါတယ်။
အထူးသဖြင့် ဖခင်ကိုသတ်တဲ့ ဘုရင်အဇာတသတ်မင်း
ဘုရားရှင်ထံမှ သာမညဖလ နာယူခွင့်ရသောညလည်းဖြစ်ပါတယ်။
ဘုရင်အဇာတသတ်သည် ဘုရားရှင်နှင့်မတွေ့မီ
တိတ္ထိတွေ
ကို ဆရာတင်ခဲ့တဲ့အတွက် ပုထုဇဉ်လူသားအားလုံးထက်
မိုက်မဲသောသူ ဖြစ်ခဲ့ပါတယ်။ မိမိရဲ့ဖခင်
ဘုရင်ဗိမ္မိသာရ
ဘုရင်မင်းမြတ်ကို ကိုယ်တိုင်သတ်ခဲ့တဲ့
အဇာတသတ်မင်း
ဘွဲ့ထူးကို ရခဲ့ပါတယ်။
ဘုရားရှင်နဲ့တွေ့သောအခါ သာမညဖလ နာယူခွင့်ရရှိပြီး
သကာလ ပုထုဇဉ်လူသားများထက်သာလွန်ပြီး
သူမတူအောင်
စိတ်ကောင်းရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ပထမသံဃာရတနာကိုတင်ခဲ့တဲ့ ဒါယကာမင်းဖြစ်ခဲ့တယ်။
ဘုရားရှင်ရဲ့ဓာတ်တော်မွေတော်တွေကိုတစ်စုတစ်စည်းတည်း
ဖြစ်အောင်ဆောင်ရွက်ပေးခဲ့တယ်။
ဤဖြစ်ရပ်ကိုကြည့်ပြီး လောကတွင် ( မိတ္တ
)ဟုခေါ်သော
မိတ်ဆွေလိုအပ်တာမှန်ပေမဲ့ (ပါပမိတ္တ)ဟုခေါ်တဲ့
မိတ်ဆွေတု
ကိုရှောင်ပြီး (ကလျာဏမိတ္တ)ဆိုတဲ့ မိတ်ဆွေစစ်ကိုရှာတွေ့ဖို့
အရေးကြီးကြောင်း သိသာထင်ရှားလှပါတယ်။
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်တွင်လည်း
ဌာနဆိုင်ရာကထိန်
အလှူများ၊ အခြေခံကျောင်းများ၏ ကထိန်အလှူများ၊
စတုဒီသာ
ကျွေးမွေးသူများ၊ မီးထွန်းပူဇော်သူများဖြင့်
စဉ်လာမပျက်
ဆောင်ရွက်လျှက်ရှိပါတယ်။ မုဒိတာပွားရပါတယ်။
ကထိန်ဆိုတာ ပွင့်ထွန်းတော်မူပြီးသောဘုရားရှင်အဆက်ဆက်ချီးမွန်း၍
ကထိန်ဟုခေါ်တယ်လို့သိရပါတယ်။ ဘာကြောင့်ချီးမွန်းတော်မူသလဲ
ဆိုတော့ သံဃာတော်အားရည်မှန်း၍လှူဒါန်းသောအလှူဖြစ်တယ်။
မည်သူမည်ဝါပုဂ္ဂိုလ်စွဲမပါသောအလှူဖြစ်တယ်။ကာလဒါနအလှူဖြစ်တယ်။
သံဃာတော်အပေါ်ကျရောက်နိုင်သောအပြစ်ဟူသမျှ
ဖယ်ရှား
ပေးနိုင်သော အစွမ်းသတ္တိရှိသောကြောင့်ဘုရားရှင်အဆက်ဆက်
ချီးမွန်းတော်မူတယ်လို့ဆိုပါတယ်။
ကထိန်သင်္ဃန်းလှူဒါန်းသောပုဂ္ဂိုလ်အနေဖြင့်
ခရီးသွားရာတွင်အဆင်
ပြေလွယ်ကူခြင်း၊အစားအသောက်ပေါများခြင်း၊ကျရောက်လတ္တံ့သော
ဘေးဥပါဒ်များဖယ်ရှားပေးနိုင်ခြင်း၊စည်းစိမ်ဥစ္စာခိုင်မြဲခြင်းနှင့်တိုးပွားခြင်း
အစရှိသည့် အကျိုးထူး(၅)ပါးကိုရရှိစံစားရသည်ဟူသောယုံကြည်ချက်
များရှိကြသဖြင့် တန်ဆောင်တိုင်အခါသမယတွင်ကထိန်သင်္ဃန်းလှူ
ဒါန်းမှုများ များပြားလျှက်ရှိပါတယ်။
ကမ္ဘာမှာတော့ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူ(၇%)ရှိပါတယ်။
လူဦးရေအားဖြင့် သန်း(၅ဝဝ)နီးပါးရှိပါတယ်။မြန်မာနိုင်ငံမှာတော့
ရာနှုန်းအားဖြင့်(၈၇.၉ဝ%)ရှိပါတယ်။လူဦးရေအားဖြင့်(၄၈)သန်းကျော်
ရှိပါတယ်။ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်ကြတဲ့နိုင်ငံတွေကတော့
အောက်မှာဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။
|
Cambodia
|
13,701,660
|
96.90%
|
|
|
64,419,840
|
93.20%
|
|
|
48,415,960
|
87.90%
|
|
|
563,000
|
74.70%
|
|
|
14,222,844
|
70.2%
|
|
|
4,092,000
|
66.00%
|
|
|
1,520,760
|
55.1%
|
|
|
45,820,000
|
36.2%
|
|
Taiwan
|
8,000,000
|
35%
|
|
Singapore
|
1,725,510
|
33.90%
|
|
South
Korea
|
11,050,000
|
22%
|
|
Malaysia
|
5,620,483
|
19.8%
|
|
China
|
244,130,000
|
18.2%
|
|
Vietnam
|
14,380,000
|
16.4%
|
Wednesday, October 18, 2017
မော်ကွန်းခြိမ့်မွေးနေ့
သားလေးမော်ကွန်းခြိမ့်မွေးနေ့
အောက်တိုဘာ(၁၇)ရက်သားလေးမော်ကွန်းခြိမ့်ရဲ့မွေးနေ့ပွဲလေးကို
ဗန်းမော်မြို့၊ရှရုန်နှင်းဆီ ကရင်မူကြိုကျောင်းမှာပြုလုပ်ပေးခဲ့ပါတယ်။
မိဘရဲ့မေတ္တာ
တစ်နှစ်ပြည့်မွေးနေ့၊ နှစ်နှစ်ပြည့်မွေးနေ့၊
သုံးနှစ်ပြည့်မွေးနေ့ပွဲလေးများကို
မိမိနေအိမ်မှာပြုလုပ်ပေးခဲ့ပါတယ်။ယခုလေးနှစ်ပြည့်မွေးနေ့ပွဲလေးကိုတော့
သားလေးမူကြိုတက်တဲ့ ကရင်မူကြိုကျောင်းမှာပြုလုပ်ပေးခဲ့ပါတယ်။
သားလေးက မရီမပြုံးနဲ့ မျက်နှာလေးကိုတွေ့ရသော်လည်း
သူ့ရဲ့ရင်ထဲမှာ
မဖော်ပြနိုင်တဲ့ပျော်ရွှင်မှုကို စံစားနေတယ်ဆိုတာ
အရိတ်တကြည့်ကြည့်
ကြည့်နေရတဲ့ ဖခင်တစ်ယောက်မို့ သိပါတယ်။
သားလေးရဲ့မဖော်ပြနိုင်တဲ့
ပျော်ရွှင်ပီတိလေးတွေက မိခင်ဖခင်နှစ်ဦးထံ
ကူးစက်ခဲ့ပါတယ်။
သားလေးမော်ကွန်းခြိမ့်ရဲ့ပျော်ရွှင်မှုကိုကူညီပေးစွမ်းကြတဲ့သားလေးရဲ့
သူငယ်ချင်းလေးတွေဖြစ်ကြတဲ့-
မောင်စိုင်းတေဇနိုင်၊ မောင်လင်းခန့်ဦး၊
မောင်စွမ်းထက်အောင်၊
မောင်ဥက္ကာဦး၊ မောင်လင်းသစ်ထူး၊ မောင်ခန့်ဇေယျာဖြိုး၊
မောင်နေလင်းအောင်၊ မောင်စိုင်းဖြိုးဝေတိုး၊
မောင်ကောင်းခန့်ဟိန်း၊
မောင်စောမင်းစိုင်းထွန်း၊ မောင်စိုင်းဘုန်းပြည့်အိမ်၊
မောင်ဝေယံလင်း၊
မောင်လင်းနေရောင်၊ မောင်ခန့်လင်းဟိန်း၊
မောင်ဘုန်းမင်းခန့်၊
မောင်မုန်ဆွတ်နောနော်၊ မော်ဇင်မျိုးသော်၊
မောင်ဆိုင်းမျိုးအောင်၊
မဆိုင်းနူးပန်၊ မပန်းမျိုးမြင့်ကြူ၊
မဇီကက်သရင်း၊ မနန်းယိန်းနဒီကို၊
မနန်ဂျာခမ်း၊ မဇင်ဇင်ဝင်း၊ မရွယ်နူးနူး၊
မငြိမ်းငြိမ်းလှိုင် နဲ့သူငယ်ချင်း
အားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းပြု
အပ်ပါတယ်။
သားလေးမော်ကွန်းခြိမ့် မူကြိုကျောင်းမှာခေါ်နေကျနာမည်တွေ
ဖြစ်တဲ့ အဖွားဆရာမ၊ ဆရာမပိန်ပိန်၊ ဆရာမဝဝ
နဲ့ ဆရာမသီတာ
မူကြိုဆရာမများကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ဖခင်တစ်ယောက်ရဲ့ဆန္ဒ
ဖခင်တစ်ယောက်အနေနဲ့သားလေးကိုဖြစ်စေချင်တာကတော့
ကမ္ဘာ့စာမျက်နှာမှာမှတ်တမ်းပြုခံရတဲ့
နိုင်ငံကျော်၊ ကမ္ဘာကျော်
ပုဂ္ဂိုလ် ဖြစ်စေချင်ပါတယ်။
အောက်တိုဘာ(၁၇)ဖွားကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို
ရှာဖွေကြည့်တဲ့ခါ
အတော်များများတွေ့ရပါတယ်။
အဲ့ဒီထဲမှာ ဖခင်တစ်ယောက်အနေနဲ့
ဖြစ်စေချင်တာကတော့ အင်္ဂလန်၊
စကော့တလန်၊ အိုင်ယာလန်၊
ပေါ်တူဂီ၊ ဂျပန် ဘောလုံးသမားတွေလိုလည်း
ကမ္ဘာ့စာမျက်နှာမှာ
မှတ်တမ်းပြုခံရစေချင်တယ်။
ပြီးရင် အာဂျင်တီးနား၊ အယ်လ်ဆာဗေးဒိုး၊
ဆလိုဗေးကီးယား
သမ္မတလိုမျိုး၊ ဂရိနိုင်ငံ
ဝန်ကြီးချုပ် အစရှိတဲ့ နိုင်ငံအကြီးအကဲတွေ
လိုမျိုး ဖြစ်စေချင်ပါတယ်။
စကော့တလန်လူမျိုး
(David Alexander Robertson)
Date of birth 17 October 1968 (age 48)
သည် (Football
Player) ကစားသမားအဖြစ် ပွဲပေါင်း (၃၆၄)ပွဲကစားခဲ့ပြီး
လက်ရှိမှာ (Real
Kashmir)၏ နည်းပြအဖြစ်ဆောင်ရွက်နေတာတွေ့ရတယ်။
အင်္ဂလန်ဘောလုံးသမား (Graeme Pierre
Le Saux)
Date of birth 17 October 1968 (age 48) သည်
professional footballer အဖြစ် ပွဲပေါင်း
(၄ဝ၉)ပွဲကစားခဲ့ပါတယ်။
အိုင်ယာလန်ဘောလုံးသမား
(Kevin Andrew Maher)
Date of birth 17 October 1976 (age 40)သည်
professional
footballer အဖြစ် ပွဲပေါင်း (၅၂၂)ပွဲကစားခဲ့ပါတယ်။
ယခုလက်ရှိမှာတော့
(under-21 manager of Southend United)နည်းပြ
အဖြစ်ဆောင်ရွက်နေတာတွေ့ရပါတယ်။
ပေါ်တူဂီလူမျိုး (Luís André de
Pina Cabral e Villas Boas)
Date of birth 17 October 1977 (age 39)သည်
တရုပ်နိုင်ငံ Shanghai SIPG ကလပ်သင်းရဲ့(manager)
အဖြစ်ဆောင်ရွက်နေတယ်။
ဂျပန်ဘောလုံးသမား
(Toshihiro Matsushita)
Date of birth 17 October 1983 (age 33)သည်
professional footballer
အဖြစ် ပွဲပေါင်း (၃ဝ၈)ပွဲကစားထားပြီး
လက်ရှိမှာ (Kagoshima
United FC) မှာကစားနေတာတွေ့ရပါတယ်။
President of Argentina
Mauricio Macri (since 10 December 2015)
President of
El Salvador
Salvador
Sánchez Cerén (since 1 June 2014)
President of Slovakia
Andrej
Kiska (since 15 June 2014)
Prime
Minister of Greece
Alexis
Tsipras (since 21 September 2015)
သားလေးမော်ကွန်းခြိမ့်နဲ့ အောက်တိုဘာ(၁၇)ဖွားမွေးနေ့ရှင်များ
အားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနဲ့ပြည့်စုံကြပြီး
မိမိ၏ခန္ဓာဝန်၊ မိဘဆွေမျိုးများရဲ့တာဝန်၊
တိုင်းပြည်၏တာဝန်
များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့
ကမ္ဘာ့စာမျက်နှာမှာ
မှတ်တမ်းပြုခံရတဲ့ ပုဂ္ဂိုလ်ကျော်တွေ
ဖြစ်ကြပါစေကြောင်း
Subscribe to:
Posts (Atom)















