Saturday, November 5, 2016

မြတ်သောကထိန်

      မြတ်သောကထိန်
ပြီးခဲ့တဲ့နေ့ နေ့လည်က ဒေါ်တင်တင်ဝင်း၊ဒေါ်နီနီဝင်း
ဒေါ်မီမီဝင်း၊ဒေါ်ရီရီဝင်းတို့၏ မိသားစုကထိန်
ကျင်းပရာ ဗန်းမော်မြို့၊ခွန်သာရပ်၊တပ်ကလေး
ဘုန်းတော်ကြီးကျောင်းသို့ ရောက်ခဲ့တယ်။
နေ့လည်စာထမင်း သုံးဆောင်ခဲ့တယ်။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရဲ့လက်ကမ်း
စာစဉ်စာအုပ်လေးလဲ လက်ဆောင်ရခဲ့တယ်
ကထိန်အလှူရှင်တွေကိုကြည့်ပြီး ၀မ်းသာပီတိ
ဖြစ်ခဲ့ရပါတယ်။
တစ်နှစ်မှာတစ်လ၊  တစ်လမှာတစ်ရက်
တစ်ရက်မှာ တစ်ချိန်သာ လှူဒါန်းမှုပြုခွင့်ရှိတဲ့
ကထိန်အလှူဆိုတာ ဗုဒ္ဒဘာသာဝင်အတော်များများ
သိကြပါတယ်။ မုဒိတာပွားများနိုင်ရန် တင်ပေးလိုက်

ပါတယ်။

No comments:

Post a Comment