Saturday, February 4, 2017
Tuesday, January 17, 2017
Tuesday, January 10, 2017
Sunday, January 1, 2017
Happy New Year
Happy New Year-၂၀၁၇
ကမ္ဘာကြီးငြိမ်းချမ်းပါစေ
မိမိနဲ့အမြင်မတူတဲ့လူတွေကို
သေကြေစေသောရည်ရွယ်ချက်နဲ့
မိမိအသက်ကို
ပဓာနမထားဘဲအသေခံဗုံးခွဲတဲ့
အကြမ်းဖက်လုပ်ရပ်တွေကင်းရှင်းကြပါစေ
အများပြည်သူတွေသွားလာတဲ့လမ်း၊တံတားတွေကို
မိုင်းထောင်ဗုံးခွဲတဲ့လုပ်ရပ်တွေကင်းရှင်းကြပါစေ
တစ်ရက်(၂၄)နာရီမှာ
မိနစ်(၄၀)လောက်တောင်
အိမ်အလုပ်၊မိသားစုအလုပ်ကိုမလုပ်ဘဲ
လမ်းပေါ်ထွက်
ဆန္ဒပြတဲ့လုပ်ရပ်တွေ ကင်းရှင်းကြပါစေ
ငလျင်လုပ်ခတ်ခြင်း၊မြေပြိုခြင်း၊ရေကြီးခြင်း၊မီးလောင်ခြင်း
လေမုန်တိုင်းတိုက်ခတ်ခြင်း
စတဲ့သဘာဝဘေးတို့ကြောင့်
အတိဒုက္ခရောက်ကြရတဲ့ပြည်သူတွေကိုဝိုင်းဝန်းကူညီနိုင်ကြပါစေ
Saturday, November 5, 2016
မြတ်သောကထိန်
မြတ်သောကထိန်
ပြီးခဲ့တဲ့နေ့
နေ့လည်က ဒေါ်တင်တင်ဝင်း၊ဒေါ်နီနီဝင်း
ဒေါ်မီမီဝင်း၊ဒေါ်ရီရီဝင်းတို့၏
မိသားစုကထိန်
ကျင်းပရာ
ဗန်းမော်မြို့၊ခွန်သာရပ်၊တပ်ကလေး
ဘုန်းတော်ကြီးကျောင်းသို့
ရောက်ခဲ့တယ်။
နေ့လည်စာထမင်း
သုံးဆောင်ခဲ့တယ်။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရဲ့လက်ကမ်း
စာစဉ်စာအုပ်လေးလဲ
လက်ဆောင်ရခဲ့တယ်
ကထိန်အလှူရှင်တွေကိုကြည့်ပြီး
ဝမ်းသာပီတိ
ဖြစ်ခဲ့ရပါတယ်။
တစ်နှစ်မှာတစ်လ၊ တစ်လမှာတစ်ရက်
တစ်ရက်မှာ
တစ်ချိန်သာ လှူဒါန်းမှုပြုခွင့်ရှိတဲ့
ကထိန်အလှူဆိုတာ
ဗုဒ္ဒဘာသာဝင်အတော်များများ
သိကြပါတယ်။
မုဒိတာပွားများနိုင်ရန် တင်ပေးလိုက်
ပါတယ်။
Thursday, September 22, 2016
ယနေ့ မနက်ဖြန် သန်ဘက်ခါ ဖိန်းနွဲခါ
ယနေ့၊ မနက်ဖြန်၊ သန်ဘက်ခါ၊ ဖိန်းနွဲခါ
ယနေ့(၂၂.၉.၂၀၁၆)- WFPသင်တန်း
မနက်ဖြန်(၂၃.၉.၂၀၁၆)- သင်္ချာအိုလံပစ်
သန်ဘက်ခါ(၂၄.၉.၂၀၁၆)- က-ည-န
မှ
(ပညာရေးဝန်ထမ်းများသီးသန့်မော်တော်ဆိုင်ကယ်
ယာဉ်မောင်းလိုင်စင်လုပ်ပေးမည်)(နေ့လည်(၂)နာရီ)
ဖိန်းနွဲခါ(၂၅.၉.၂၀၁၆)-
(နံနက်ပိုင်း)- ပညာတန်ဆောင်-ထူးချွန်ဆရာစာမေးပွဲ
(ညနေပိုင်း)- (၁၆)နှစ်အောက် ဘောလုံးဗိုလ်လုပွဲ
WFP သင်တန်း-
ရွေးချယ်ခံရတဲ့
အခြေခံကျောင်း(၁၈)ကျောင်းမှ
ကျောင်းအုပ်နှင့်
စာရင်းပြုစုမည့်လ/ထဆရာတစ်ဦး
စုစုပေါင်း(၂)ဦးစီတက်ရောက်ကြရမှာဖြစ်ပါတယ်။
သင်္ချာအိုလံပစ်-
ဖြေဆိုရန်စာရင်းပေးထားသူများမှာ
အဌမတန်း(၈)ဦး၊န၀မတန်း(၁၀)ဦး၊ဒသမတန်း(၁၅)ဦး
သာရှိပါသေးတယ်။အရေအတွက်နည်းပါသေးတယ်။
စာရင်းပေးရန်ကျန်သောကျောင်းများ
ယနေ့နောက်ဆုံး
ထားပြီး စာရင်းပေးကြပါ
ကညန-
ပညာရေးဝန်ထမ်းများအား
ကညန မှမော်တော်ဆိုင်ကယ်
ယာဉ်မောင်းလိုင်စင်
သီးသန့်လုပ်ပေးမှာဖြစ်ပါတယ်။
ယာဉ်မောင်းလိုင်စင်မရှိသော
ဆရာ/မများ ယာဉ်မောင်း
လိုင်စင်
လုပ်ဆောင်ထားကြရန် အသိပေးအပ်ပါတယ်။
ပညာတန်ဆောင်-ထူးချွန်ဆရာ
စာရင်းပေးထားသူ
အလွန်နည်းပါသေးတယ်။
ဆရာ/မများ
ဝင်ရောက်ဖြေဆိုကြရန် တိုက်တွန်းပါတယ်။
ဆရာ/မများအတွက်
အထူးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။
(၁၆)နှစ်အောက်ဘောလုံးဗိုလ်လုပွဲ
မြို့ပေါ်နှင့်
မြို့နှင့်နီးသော အခြေခံကျောင်းများမှ
ဆရာကြီး/ဆရာမကြီးအားလုံး
ဗိုလ်လုပွဲကိုတက်ရောက်
အားပေးကြရန်
ဖိတ်ကြားအပ်ပါတယ်။
Wednesday, September 21, 2016
ပညာတန်ဆောင်ထူးချွန်ဆရာဆု
၂၀၁၆-၂၀၁၇ပညာသင်နှစ်
ပညာတန်ဆောင်ထူးချွန်ဆရာရွေးချယ်ရေး
စီမံချက်
နိဒါန်း
ပညာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ
အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ဆရာမများအားလုံး
ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဤစီမံချက်ကို ရေးဆွဲပါသည်။
ရည်ရွယ်ချက်
- မြို့နယ်အဆင့် ထူးချွန်ဆရာများ ပေါ်ထွက်လာစေရန်
- ဘာသာရပ်သင်ပြမှုထူးချွန်သူ၊ဆရာများ၏ကြည်ညိုလေးစားခြင်းခံရသူ၊
ကျောင်းသားများ၏ယုံကြည်အားကိုးခြင်းခံရသူ၊
ပင်ကိုအကျင့်စာရိတ္တကောင်းမွန်သူ၊အများအကျိုးသယ်ပိုးထမ်းရွက်သူ
စသည့်အရည်အချင်းကောင်းများကို အသိအမှတ် ပြုပေးနိုင်ရန်
ပညာတန်ဆောင်ထူးချွန်ဆရာဆု
ရွေးချယ်ရေးကော်မတီ
ထူးချွန်ဆရာဆုရွေးချယ်ရေးအောင်မြင်စွာ ကျင်းပနိုင်ရန်
ထူးချွန်ဆရာဆုရွေးချယ်ရေးကော်မတီကို အောက်ပါအတိုင်း
ဖွဲ့စည်းဆောင်ရွက်ပါမည်။
၁။ဒေါ်နန်းတင်အေး မြို့နယ်ပညာရေးမှူး ဥက္ကဌ
၂။ဦးခင်မောင်ထွန်း ကျောင်းအုပ်ကြီး၊အထက(၃) ဒု-ဥက္ကဌ
၃။ဒေါ်မြင့်မြင့်အေး ကျောင်းအုပ်ကြီး၊အထက(၂)
အဖွဲ့ဝင်
၎။ဒေါ်မြင့်မြင့်သန်း ကျောင်းအုပ်ကြီး၊ထ(ခွဲ)လ(၃)
အဖွဲ့ဝင်
၅။ဒေါ်ခိုင်စန္ဒာ ကျောင်းအုပ်ကြီး၊ထ(ခွဲ)လ(၄) အဖွဲ့ဝင်
၆။ဦးခင်မောင်မြင့် ကျောင်းအုပ်ကြီး၊ထခွဲ(ဖိုးဒေ၀)
အဖွဲ့ဝင်
၇။ဦးနေ၀င်း ကျောင်းအုပ်ကြီး၊မူလွန်(၅)
အဖွဲ့ဝင်
၈။ဦးအောင်တင့် ဒုတိယမြို့နယ်ပညာရေးမှူး အတွင်းရေးမှူး
၉။ဦးဘရန်နူး လ/ထမြို့နယ်ပညာရေးမှူး တွဲ-အတွင်းရေးမှူး
ထူးချွန်ဆရာဆုရွေးချယ်ရေးကော်မတီ၏
လုပ်ငန်းတာဝန်များ
က။ အခြေခံကျောင်းများမှ စာရင်းသွင်းလာသည့်
ပြိုင်ပွဲဝင်
ဆရာ/မများအား စိစစ်ရန်
ခ။ ရမှတ်အများဆုံး၏ အဖြေလွှာကို ထပ်မံစိစစ်ရန်
ဂ။ ပြိုင်ပွဲအတွက် လိုအပ်သည်များကူညီပေးရန်
စာဖြေခန်းစောင့်ကြပ်ရန်
ကြီးကြပ်ရေးမှူးနှင့်
လက်ထောက်ကြီးကြပ်ရေးမှူးခန့်အပ်ခြင်း
ထူးချွန်ဆရာရွေးချယ်စာမေးပွဲ ကြီးကြပ်ရေးမှူးနှင့်
လ/ထ ကြီးကြပ်ရေးမှူးများကို အောက်ပါအတိုင်း တာဝန်ပေးအပ်
ပါသည်။
၁။ ဦးခင်မောင်မြင့် ကျောင်းအုပ်ကြီး၊ထခွဲ(ဖိုးဒေ၀)
ကြီးကြပ်ရေးမှူး
၂။ အထက(၁)ဆရာ/မ(၁)ဦး လ/ထကြီးကြပ်ရေးမှူး
၃။ အထက(၂)ဆရာ/မ(၁)ဦး လ/ထကြီးကြပ်ရေးမှူး
၎။ အထက(၃)ဆရာ/မ(၁)ဦး လ/ထကြီးကြပ်ရေးမှူး
၅။ အထက(၄)ဆရာ/မ(၁)ဦး လ/ထကြီးကြပ်ရေးမှူး
၆။ အလက(၁)ဆရာ/မ(၁)ဦး လ/ထကြီးကြပ်ရေးမှူး
လုပ်ငန်းတာဝန်များ
သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ လက်ထောက်ကြီးကြပ်ရေးမှူး
အဖြစ်တာဝန်ပေးအပ်မည့် လက်ထောက်ဆရာ/မ
များအား (၂၄.၉.၂၀၁၆)ရက်နေ့ညနေ(၂)နာရီတွင် ကြီးကြပ်ရေးမှူး
နှင့်တွေ့ဆုံရန်အတွက်စေလွှတ်ပေးရန်နှင့်တာဝန်
ပေးအပ်ခြင်းခံရသောဆရာ/မများမှတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်
အဖြေလွှာစစ်ဆေးရန်
စာစစ်မှူးနှင့်
လက်ထောက်စာစစ်မှူးခန့်အပ်ခြင်း
ပညာတန်ဆောင် ထူးချွန်ဆရာပြိုင်ပွဲ အဖြေလွှာများ
စစ်ဆေးရန်အတွက်
စာစစ်မှူးနှင့် လက်ထောက်စာစစ်မှူးများကို အောက်ပါအတိုင်း
တာဝန်ပေးအပ်ပါသည်။
၁။ ဒေါ်ခိုင်စန္ဒာ ကျောင်းအုပ်ကြီး၊ထခွဲ(လ-၄)
စာစစ်မှူး
၂။ အထက(၁) (ထက်ပြ)(၁)ဦး လက်ထောက်စာစစ်မှူး
၃။ အထက(၂) (ထက်ပြ)(၁)ဦး လက်ထောက်စာစစ်မှူး
၎။ အထက(၃) (ထက်ပြ)(၁)ဦး လက်ထောက်စာစစ်မှူး
၅။အထက(၄) (ထက်ပြ)(၁)ဦး
လက်ထောက်စာစစ်မှူး
၆။အထက(၅) (လယ်ပြ)(၁)ဦး လက်ထောက်စာစစ်မှူး
၇။ထခွဲလ(၃) (လယ်ပြ)(၁)ဦး လက်ထောက်စာစစ်မှူး
၈။ထခွဲလ(၄) (လယ်ပြ)(၁)ဦး လက်ထောက်စာစစ်မှူး
၉။ထခွဲဖိုးဒေ၀ (လယ်ပြ)(၁)ဦး လက်ထောက်စာစစ်မှူး
၁၀။ထခွဲသိန်လင် (လယ်ပြ)(၁)ဦး
လက်ထောက်စာစစ်မှူး
လုပ်ငန်းတာဝန်များ
-သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ လက်ထောက်စာစစ်မှူး
အဖြစ်တာဝန်ပေးအပ်ခြင်းခံရသောလက်ထောက်ဆရာ/မ
များအား (၂၄.၉.၂၀၁၆)ရက် နေ့လည်(၁)နာရီတွင်
စာစစ်မှူး
ထံစေလွှတ်ပေးရန်နှင့် တာဝန်ပေးအပ်ခြင်းခံရသောလက်
ထောက်ဆရာ/မများမှ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်၊
-စာစစ်မှူးမှ အမှတ်အများဆုံး(၁)ဦးစီ ရွေးချယ်ပေးရန်
ပညာတန်ဆောင်ထူးချွန်ဆရာရွေးချယ်စာမေးပွဲ(ရေးဖြေ/နှုတ်ဖြေ)
ကျင်းပမည့်နေရာ။ အထက(၁) အောင်တံခွန်ခန်းမ
ကျင်းပမည့်ရက်။ ၂၅.၉.၂၀၁၆ ( တနင်္ဂနွေ
)
ကျင်းပမည့်အချိန်။ နံနက်(၁၀း၀၀)နာရီမှ(၁၂း၀၀)နာရီထိ (ရေးဖြေစာမေးပွဲ)
နေ့လည်(၂)နာရီမှ
ညနေ(၄)နာရီထိ(နှုတ်ဖြေစာမေးပွဲ)
မေးခွန်းပြုစုခြင်း
ပညာတန်ဆောင်မှ ပြုစုသော မေးခွန်းဖြစ်ပါသည်။
ဖြေဆိုသူဦးရေကန့်သတ်ခြင်း
ပညာရေးဌာနတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်ပြီးသော
ဆရာ/မအားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
ဦးရေ ကန့်သတ်ထားခြင်း မရှိပါ။
(မူပြ၊လယ်ပြ၊ထက်ပြ၊မူအုပ်၊လယ်အုပ်၊ထက်အုပ်အားလုံး)
ဆုချီးမြှင့်မည့်အစီအစဉ်
ဗဟိုအဆင့်- ပထမ ကျပ်သိန်း(၄၀)
ဒုတိယ ကျပ်သိန်း(၂၀)
တတိယ
ကျပ်သိန်း(၁၀)
တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပထမ ကျပ်(၅)သိန်း
ဒုတိယ ကျပ်(၃)သိန်း
တတိယ
ကျပ်(၂)သိန်း
ဖြေဆိုသူအမည်စာရင်းပေးပို့ရမည့်ရက်သတ်မှတ်ခြင်း
သက်ဆိုင်ရာကျောင်းအသီးသီးမှ ပညာတန်ဆောင်ထူးချွန်ဆရာ
ဝင်ရောက်ယှဉ်ပြိုင်မည့် ဆရာအမည် စာရင်းကို(၂၃.၉.၁၆)
ရက်နေ့ (နေ့လည် (၁)နာရီ) နောက်ဆုံးထားပေးပို့ကြရန်
နိဂုံး
ပညာတန်ဆောင်ထူးချွန်ဆရာ ရွေးချယ်မှုကို အထက်အဆင့်ဆင့်၏
လမ်းညွှန်မှုကို ခံယူလျှက် စီမံချက်ပါအတိုင်း
Tuesday, September 20, 2016
သင်္ချာအိုလံပစ်စီမံချက်
၂၀၁၆-၂၀၁၇ပညာသင်နှစ်
သင်္ချာအိုလံပစ်ပြိုင်ပွဲကျင်းပရေး
စီမံချက်
နိဒါန်း
ပညာရေးဝန်ကြီးဌာန၊ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်ရှိ
အခြေခံပညာကျောင်းအသီးသီးမှ အဌမတန်း၊န၀မတန်း
ဒသမတန်း ကျောင်းသား/သူများ သင်္ချာအိုလံပစ်
ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဤစီမံချက်ကို ရေးဆွဲပါသည်။
ရည်ရွယ်ချက်
- သင်္ချာထူးချွန်ကျောင်းသားများ ပေါ်ထွက်လာစေရန်
- နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲသို့ ၀င်ရောက်
ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံဂုဏ်ဆောင်နိုင်ရန်
- ကျောင်းသား/ကျောင်းသူများ သင်္ချာအတွေးအခေါ်
တိုးတက်လာစေရန်
ပြိုင်ပွဲကျင်းပရေးကော်မတီဖွဲ့စည်းခြင်း
သင်္ချာအိုလံပစ် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်
ပြိုင်ပွဲကျင်းပရေးကော်မတီကို အောက်ပါအတိုင်း
ဖွဲ့စည်း
ဆောင်ရွက်ပါမည်။
၁။ဒေါ်နန်းတင်အေး မြို့နယ်ပညာရေးမှူး ဥက္ကဌ
၂။ဦးခင်မောင်ထွန်း ကျောင်းအုပ်ကြီး၊အထက(၃) အဖွဲ့ဝင်
၃။ဦးခင်မောင်မြင့် ကျောင်းအုပ်ကြီး၊ထ(ခွဲ)ဖိုးဒေ၀ အဖွဲ့ဝင်
၎။ဒေါ်မြင့်မြင့်သန်း ကျောင်းအုပ်ကြီး၊ထခွဲလ(၃)
အဖွဲ့ဝင်
၅။ဒေါ်စန်းစန်းအေး ကျောင်းအုပ်ကြီး၊ထခွဲသိန်လင် အဖွဲ့ဝင်
၆။ဒေါ်ထုလွမ် ကျောင်းအုပ်ကြီး၊အလက(၁) အဖွဲ့ဝင်
၇။ဒေါ်ခင်ညို ကျောင်းအုပ်ကြီး၊လ(ပိုက်ဝမ်း) အဖွဲ့ဝင်
၈။ဦးအောင်တင့် ဒုတိယမြို့နယ်ပညာရေးမှူး အတွင်းရေးမှူး
၉။ဦးဘရန်နူး လ/ထမြို့နယ်ပညာရေးမှူး တွဲ-အတွင်းရေးမှူး
ပြိုင်ပွဲကျင်းပရေးကော်မတီ၏လုပ်ငန်းတာဝန်များ
က။ အခြေခံကျောင်းများမှစာရင်းသွင်းလာသည့် ပြိုင်ပွဲဝင်
ကျောင်းသား၊ကျောင်းသူများအား
စိစစ်ရန်
ခ။ ရမှတ်အများဆုံး(၁၀)ဦးစီ၏ အဖြေလွှာများကို
ထပ်မံစိစစ်ရန်
ဂ။ ပြိုင်ပွဲအတွက် လိုအပ်သည်များကူညီပေးရန်
စာဖြေခန်းစောင့်ကြပ်ရန်
ကြီးကြပ်ရေးမှူးနှင့်
လက်ထောက်ကြီးကြပ်ရေးမှူးခန့်အပ်ခြင်း
သင်္ချာအိုလံပစ်ပြိုင်ပွဲ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်
ကြီးကြပ်ရေးမှူးများကို အောက်ပါအတိုင်း တာဝန်ပေးအပ်
ပါသည်။
၁။ ဒေါ်မြင့်မြင့်သန်း ကျောင်းအုပ်ကြီး၊ထခွဲလ(၃)
ကြီးကြပ်ရေးမှူး
၂။ အထက(၁)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
၃။ အထက(၃)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
၎။ ထခွဲအလက(၃)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
၅။ ထခွဲအလက(၄)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
၆။ အလက(၁)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
လုပ်ငန်းတာဝန်များ
သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှလက်ထောက်ကြီးကြပ်ရေးမှူး
အဖြစ်တာဝန်ပေးအပ်မည့် လက်ထောက်ဆရာ/မများ
အား (၂၂.၉.၂၀၁၆)ရက်နေ့ညနေ(၂)နာရီတွင် ကြီးကြပ်ရေးမှူး
နှင့်တွေ့ဆုံရန်အတွက် စေလွှတ်ပေးရန်နှင့် တာဝန်ပေး
အပ်ခြင်းခံရသောဆရာ/မများမှတာဝန်ကိုကျေပွန်စွာ
ထမ်းဆောင်ကြရန်
အဖြေလွှာစစ်ဆေးရန်
စာစစ်မှူးနှင့်
လက်ထောက်စာစစ်မှူးခန့်အပ်ခြင်း
သင်္ချာအိုလံပစ် ပြိုင်ပွဲ အဖြေလွှာများစစ်ဆေးရန်အတွက်
စာစစ်မှူးနှင့်လက်ထောက်စာစစ်မှူးများကို
အောက်ပါအတိုင်း
တာဝန်ပေးအပ်ပါသည်။
၁။ ဒေါ်စန်းစန်းအေး ကျောင်းအုပ်ကြီး၊ထခွဲသိန်လင်
စာစစ်မှူး
၂။ အထက(၁) (၉/၁၀)တန်းသင်္ချာသင်(ထက်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၃။ အထက(၂) (၉/၁၀)တန်းသင်္ချာသင်(ထက်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၎။ အထက(၃) (၉/၁၀)တန်းသင်္ချာသင်(ထက်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၅။အထက(၄) (၉/၁၀)တန်းသင်္ချာသင်(ထက်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၆။အထက(၅) (၈/၉)တန်းသင်္ချာသင်(ထက်/လယ်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၇။ထခွဲလ(၃) (၈/၉)တန်းသင်္ချာသင်(ထက်/လယ်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၈။ထခွဲလ(၄) (၈/၉)တန်းသင်္ချာသင်(ထက်/လယ်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၉။ထခွဲဖိုးဒေ၀ (၈/၉)တန်းသင်္ချာသင်(ထက်/လယ်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
၁၀။ထခွဲသိန်လင် (၈/၉)တန်းသင်္ချာသင်(ထက်/လယ်ပြ)(၂)ဦး
လက်ထောက်စာစစ်မှူး
လုပ်ငန်းတာဝန်များ
-သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ လက်ထောက်စာစစ်မှူး
အဖြစ်တာဝန်ပေးအပ်ခြင်းခံရသောလက်ထောက်ဆရာ/မ
များအား (၂၃.၉.၂၀၁၆)ရက် နေ့လည်(၁)နာရီတွင်
စာစစ်မှူး
ထံစေလွှတ်ပေးရန်နှင့် တာဝန်ပေးအပ်ခြင်းခံရသောလက်
ထောက်ဆရာ/မများမှ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်၊
-စာစစ်မှူးမှ အမှတ်အများဆုံး(၁၀)ဦးစီ (၈တန်း/၉တန်း/၁၀တန်း)
ရွေးချယ်ပေးရန်
သင်္ချာအိုလံပစ်ပြိုင်ပွဲအစီအစဉ်
ကျင်းပမည့်နေရာ။ အထက(၂) မြညီလာခန်းမ
ကျင်းပမည့်ရက်။ ၂၃.၉.၂၀၁၆ ( သောကြာ )
ကျင်းပမည့်အချိန်။ နံနက်(၉း၀၀)နာရီမှ(၁၁း၀၀)နာရီထိ (အဌမတန်း)
နံနက်(၉း၀၀)နာရီမှ(၁၂း၀၀)နာရီထိ (န၀မတန်း/ဒသမတန်း)
မေးခွန်းပြုစုခြင်းအစီအစဉ်
(၈တန်း/၉တန်း/၁၀တန်း)သင်္ချာမေးခွန်းများကို
အောက်ဖော်ပြပါ
ကျောင်းများမှ (၁)မှတ်တန်မေးခွန်း၊(၃)မှတ်တန်မေးခွန်း၊
(၅)မှတ်တန်မေးခွန်းဟူ၍ ခွဲခြားကာ (၅)ပုဒ်စီ
ပြုစုပြီး ပြိုင်ပွဲ
ကျင်းပရေးကော်မတီထံ (၂၁.၉.၂၀၁၆)ရက်နေ့အရောက်ပေး
ပို့ရမည်။ ပြိုင်ပွဲကျင်းပရေးကော်မတီမှ စိစစ်ပြီး
မေးခွန်းအဖြစ်
ဆောင်ရွက်ပါမည်။
|
စဉ်
|
ကျောင်းအမည်
|
ပြုစုရမည့်မေးခွန်း
|
စစ်မေးရမည့်အခန်း
|
မှတ်ချက်
|
|
၁
|
အထက(၁)
|
၉တန်း/၁၀တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၂
|
အထက(၂)
|
၉တန်း/၁၀တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၃
|
အထက(၃)
|
၉တန်း/၁၀တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၎
|
အထက(၄)
|
၉တန်း/၁၀တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၅
|
အထက(၅)
|
၉တန်း/၁၀တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၆
|
အထက(ခွဲ)လ၃
|
၈တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၇
|
အထက(ခွဲ)လ၎
|
၈တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၈
|
အထက(ခွဲ)ဖိုးဒေဝ
|
၈တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၉
|
အထက(ခွဲ)သိန်လင်
|
၈တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
|
၁၀
|
အလက(၁)
|
၈တန်းသင်္ချာ
|
ဇွန်လမှစက်တင်ဘာလထိ
|
(၁မှတ်/၃မှတ်/၅မှတ်)တန်-၅ပုဒ်စီ
|
ဖြေဆိုသူအမည်စာရင်းပေးပို့ရမည့်ရက်သတ်မှတ်ခြင်း
သက်ဆိုင်ရာကျောင်းအသီးသီးမှ သင်္ချာအိုလံပစ်ပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား စာရင်းကို(၂၂.၉.၁၆)
ရက်နေ့ (နေ့လည် (၁)နာရီ) နောက်ဆုံးထားပေးပို့ကြရန်
နိဂုံး
သင်္ချာအိုလံပစ် ပြိုင်ပွဲကို အထက်အဆင့်ဆင့်၏
လမ်းညွှန်မှုကို
ခံယူလျှက်စီမံချက်ပါအတိုင်း အောင်မြင်စွာကျင်းပ
Tuesday, September 6, 2016
သင်္ချာအိုလံပစ်
သင်္ချာအိုလံပစ်
မြန်မာနိုင်ငံသင်္ချာအသင်းမှဦးစီးပြီးသင်္ချာအိုလံပစ်ပြိုင်ပွဲ
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ပြည်နယ်အဆင့်သင်္ချာအိုလံပစ်စာမေးပွဲကိုဗန်းမော်
မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်
မြို့နယ်အဆင့်သင်္ချာထူးချွန်သူကျောင်းသားကျောင်း
သူရွေးချယ်ရေးစာမေးပွဲကို(၂၃.၉.၁၆)ရက်နေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ဗန်းမော်မြို့နယ်ရှိ
အခြေခံကျောင်းများ၊ကိုယ်ပိုင်ကျောင်းများပါဝင်
ယှဉ်ပြိုင်နိုင်ရန်
အသိပေးနိုးဆော်အပ်ပါသည်။
|
စဉ်
|
အတန်း
|
ဖြေဆိုချိန်
|
မှတ်ချက်
|
|
၁
|
အဌမတန်း
|
(၂)နာရီ
|
မြန်မာဘာသာဖြင့်
|
|
၂
|
န၀မတန်း
|
(၃)နာရီ
|
အင်္ဂလိပ်ဘာသာဖြင့်
|
|
၃
|
ဒသမတန်း
|
(၃)နာရီ
|
အင်္ဂလိပ်ဘာသာဖြင့်
|
(ပြည်နယ်မှပေးပို့ထားသောအမိန့်စာအား
အခြေခံကျောင်း
(အထက၊အလက၊အလက(ခွဲ))ကျောင်းများသို့ဖြန့်ဝေထား
ပြီးဖြစ်ပါသည်)
အခြေခံကျောင်းများ၏လိုအပ်ချက်
အခြေခံကျောင်းများ၏လိုအပ်ချက်
အခြေခံကျောင်းများ၏
လက်ရှိစာရင်းနှင့် ထပ်မံလိုအပ်မှု
စာရင်းများကိုအမြန်ဆုံး(၆.၉.၁၆)အရောက်တင်ပြကြရန်
|
စဉ်
|
အကြောင်းအရာ
|
လက်ရှိဦးရေ
|
ထပ်မံလိုအပ်မှု
|
မှတ်ချက်
|
|
၁
|
ကျောင်းသားနှင့်စာသင်ခန်း
|
|
|
|
|
၂
|
စာသင်ခုံ/စာရေးစားပွဲ
|
|
|
|
|
၃
|
လက်တွေ့ခန်းသုံးပစ္စည်း
|
|
|
|
|
၎
|
ICT နှင့်ဆက်စပ်ပစ္စည်း
|
|
|
|
|
၅
|
စာကြည့်တိုက်ရှိစာအုပ်စာရင်း
|
|
|
|
|
၆
|
ဆရာ/မစာရင်းနှင့်နေအိမ်ခန်း
|
|
|
|
|
၇
|
ဝန်ထမ်းများနှင့်စားပွဲ/ထိုင်ခုံ
|
|
|
|
|
၈
|
သောက်ရေသန့်ရရှိမှုနှင့်လိုအပ်မှု
|
|
|
|
|
၉
|
အခြားလိုအပ်စာရင်း
|
|
|
|
Subscribe to:
Posts (Atom)