၂၁.၁၂.၂၀၁၃ရက်နေ့ထိ နိုင်ငံအလိုက် ရွှေတံဆိပ်ရရှိမှုမှာ ထိုင်းနိုင်ငံက
ရွှေ(၁၀၇)ဖြင့် ပထမနေရာမှလည်းကောင်း၊ အိမ်ရှင်မြန်မာနိုင်ငံကရွှေ(၈၄)ဖြင့်
ဒုတိယနေရာမှလည်းကောင်း၊ ဗီယက်နန်နိုင်ငံက ရွှေ(၇၃)ဖြင့် တတိယနေရာမှ
လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံက ရွှေ(၆၄)ဖြင့် စတုတ္ထနေရာမှလည်းကောင်း၊
မလေးရှားနိုင်ငံက ရွှေ(၄၃)ဖြင့် ပဉ္စမနေရာမှလည်းကောင်း အသီးသီး
ရပ်တည်နေပါသည်။
Sunday, December 22, 2013
Thursday, December 19, 2013
၂၇ဆီးဂိမ်း(မြန်မာ)၂၀၁၃
၁၉.၁၂.၂၀၁၃ရက်နေ့ထိ နိုင်ငံအလိုက် ရွှေရရှိမှုအဆင့်မှာ ထိုင်းနိုင်ငံက
ရွှေ(၇၃)ခုဖြင့် ပထမနေရာမှာလည်းကောင်း၊ဗီယက်နန်နိုင်ငံက ရွှေ(၅၄)ဖြင့်
ဒုတိယနေရာမှာလည်းကောင်း၊ အိမ်ရှင်မြန်မာနိုင်ငံက ရွှေ(၅၃)ဖြင့်
တတိယနေရာမှာလည်းကောင်း၊ အင်ဒိုနီးရှားက ရွှေ (၅၀)ဖြင့်
စတုတ္ထနေရာမှာလည်းကောင်း ရပ်တည်လျှက်ရှိပါသည်။

Friday, August 30, 2013
ဘိုးဘွားရိပ်သာ အဟာရဒါနပြုခြင်း
၂၉.၈.၂၀၁၃ရက်နေ့တွင် ဗန်းမော်မြို့ ဘိုးဘွားရိပ်သာသို့ ဦးအောင်တင့်နှင့်
ဆရာ/မများမှ စေတနာဖြင့်ထည့်ဝင်ကြသော အလှူငွေဖြင့် အဖိုးအဖွား (၁၆)ဦး
အား ဒါနပြုကျွေးမွေးကြပါသည်။ဒါနပြု ကျွေးမွေးရေးသို့ ဒုတိယမြို့နယ်ပညာရေးမှူးး
ဦးအောင်တင့်နှင့်အတူ အ.မ.က(၈)ကျောင်းအုပ်ဆရာမ ဒေါ်ခင်ထွေးရီ။ အ.မ.က
(၁)ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နီထွန်း နှင့် GEC မနီလာ စုစုပေါင်းအင်အား
(၄)ဦးဖြင့်  အဖိုးအဖွားများကို သွားရောက်ကြည်ရှု အားပေးစကားများ ပြောကြပါသည်။
မအားလပ် ၍ မလိုက်နိုင်သောဆရာ/မများကို ဆရာဦးအောင်တင့်အနေဖြင့်
အင်တာနက်ကနေ အသိပေးအပ်ပါတယ်။လူတိုင်း နုပျိုဖူးကြသည်။ သို့သော်
လူတစ်ချို့သာ အိုမင်းဖူးသည် ဆိုသည့် ဘိုးဘွားရိပ်သာ ဆောင်ပုဒ်
လေးတိုင်း အဖိုးအဖွားများကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်း
လိုက်ပါတယ်။

CCA အုပ်စုဆွေးနွေးပွဲ(အုပ်စု-၅)
၂၈.၈.၂၀၁၃ ရက်နေ့ ညနေ(၃း၀၀)နာရီအချိန်တွင် အုပ်စု(၅)ကျောင်းများမှ
CCA အုပ်စုဆွေးနွေးပွဲပြုလုပ်ကြောင်း သိရှိရပါသည်။ အုပ်စု(၅)ကျောင်း
များဖြစ်သည့်-
မူလွန်-တာမိုက်လုံ
မူလွန်-မိုးဖိန်း
အ.မ.က-သာစည်
အ.မ.က-ဆိုင်ကင်
မူလွန်-ဟဲလုံဟောင်း
မူလွန်-ဟဲလုံသစ်
အ.မ.က-ခူးလီ ကျောင်းများမှ ဆရာ/မများတက်ရောက်ကြကြောင်း
သိရှိရပါသည်။

CCA အုပ်စုဆွေးနွေးပွဲ(အုပ်စု-၇)
၂၈.၈.၂၀၁၃ရက်နေ့ ညနေ(၃း၃၀)တွင် အ.မ.က-ဟန်းတဲတွင် CCA
အုပ်စုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။အုပ်စု(၇)တွင် ပါဝင်သော
ကျောင်းများမှ ဆရာ/မများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့လက်ထောက်မြို့နယ်ပညာရေးမှူး
ဦးမရန်ဒွဲဂျာ တက်ရောက်ခဲ့
ပါသည်။
အမက-ဟန်းတဲ
အမက-ကုန်းမဟတ်
အလက(ခွဲ)-ဖိုးဒေဝ
မူလွန်-ခိုကျင်
အမက-မံဖာ
အမက-ကောင်ဂျာယန်အမက-မံရွတ် ကျောင်းတို့မှ
ကျောင်းအုပ်နှင့် သင်ကြားရေးတာဝန်
ယူရသော ဆရာ/မများတက်ရောက်ဆွေးနွေး
ကြပါသည်။

တန်ဖိုးနည်းဖုန်းမဲဖေါက်ခြင်း
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ် ပညာရေးဌာနသို့ ချပေးသော
တန်ဖိုးနည်းဖုန်း(၇)လုံးကို မြို့နယ်ပညာရေးမှူးရုံးခန်းတွင် ဒုတိယမြို့နယ်
ပညာရေးမှူးးဦးအောင်တင့် ကြီးကြပ်ပြီး မဲဖေါက်ကြပါသည်။
ယခင်တစ်ပတ်ကလည်း မြို့နယ်ပညာရေးမှူးရုံးခန်းတွင် တန်ဖိုးနည်းဖုန်း
(၈)လုံးကိုမဲဖေါက်ခဲ့ကြပါသည်။ ယခင်တစ်ပတ်က မဲပေါက်သူများ
ထုတ်ယူပြီးဖြစ်ပါသည်။ယခုတစ်တပတ်တွင် မဲပေါက်သူများ
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကိုယ်တိုင်ထုတ်ယူကြရမည်ဖြစ်ပါသည်။
ယခုတစ်ပတ် (၂၉.၈.၂၀၁၃) မဲပေါက်သူများမှာ-
(၁)ဒေါ်ဖြိုးမြမြ၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ မြို့နယ်ပညာရေးမှူးရုံး
(၂)ဦးမြင့်ထွေး၊ ကျောင်းအုပ်ကြီး၊ အ.ထ.က(၃)၊ ဗန်းမော်မြို့
(၃)ဒ်ါညွန့်ကြည်၊ လယ်ပြ-၂၊ အ.ထ.က(၃)၊ ဗန်းမော်မြို့
(၄)ဦးခင်မောင်ချိန်၊ မူအုပ်၊ မူလွန်-ခိုကျင်၊ ဗန်းမော်မြို့နယ်
(၅)ဦးအောင်တင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးရုံး၊
ဗန်းမော်မြို့(၆)ဒေါ်မိုးမိုးအောင်၊ လယ်ပြ-၂၊ အ.လ.က(၂)၊ ဗန်းမော်မြို့
(၇)ဒေါ်အေးအေးလှ၊ မူပြ၊ အ.လ.က-ပိုက်ဝမ်း

Thursday, August 29, 2013
CCA အုပ်စုဆွေးနွေးပွဲ(အုပ်စု-၃)
၂၈.၈.၂၀၁၃ရက်နေ့ ညနေ(၃း၃၀)နာရီတွင် ဗန်းမော်မြို့၊
အမက-အောင်သာ ကျောင်းတွင် CCA
အုပ်စုဆွေးနွေးပွဲပြုလုပ်ပါသည်။
အခြေခံကျောင်းများဖြစ်သည့် အထက(၃)၊အထက(ခွဲ)-လ(၃)၊
အလက-ပိုက်ဝမ်း၊အမက-အောင်သာ၊မူလွန်-ဝက်ကုန်း၊
အမက-၂၃၇၊အမက-စီအင် နှင့် သီလရှင်သင်ပညာရေးကျောင်း
စုစုပေါင်းကျောင်း(၈)ကျောင်းမှ ဆရာ/မ စုစုပေါင်း(၄၉)ဦး
တက်ရောက်ကြပါသည်။
အဆိုပါ ကျောင်းအုပ်စုဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်
ပညာရေးမှူး ဆရာဦးအောင်တင့်လည်း တက်ရောက်ဆွေးနွေး
အကြံပြု ပါသည်။ဆွေးနွေးပွဲတွင် သရုပ်ပြသင်ခန်းစာအဖြစ်
ဒုတိယတန်း၊ အထွေထွေဘာသာရပ်မှ အသံ အကြောင်းကို
မူလွန်-ဝက်ကုန်းကျောင်းမှ ကျောင်းအုပ် ဦးညိုမင်းထွေးမှ
သရုပ်ပြသင်ကြားပေးပါသည်။ ဆရာ/မများ အားလုံးနှစ်သက်
သဘောကျကြပါသည်။

Tuesday, August 20, 2013
ဘိုးဘွားရိပ်သာအဟာရဒါနပြုခြင်း
၁၈.၈.၂၀၁၃ ရက်နေ့က ဗန်းမော်မြို့ဘိုးဘွားရိပ်သာသို့ပညာရေးဌာနမှ
အဟာရဒါန(၁)ရက်စာဒါနပြုကြပါသည်။ဒါနပြုရန် ဒုတိယမြို့နယ်
ပညာရေးမှူး ဦးအောင်တင့် နှင့် မူလတန်းကျောင်းအုပ် ဆရာ/မကြီးများ
သွားရောက်ကြပါသည်။ဒေါ်တင်တင်သိန်း ကျောင်းအုပ် မူလွန်-မ(၄)၊
ဒေါ်မိမိကြီး ကျောင်းအုပ် မူလွန်-မ(၅)၊ဒေါ်အေးအေးမြင့် ကျောင်းအုပ်
မူလွန်-ရှမ်းဝိုင်း၊ ဒေါ်သန်းငွေ ကျောင်းအုပ် အမက-နောင်ခို(၂)
ဒေါ်အေးခင်မြင့် ကျောင်းအုပ် အလက(ခွဲ)-သိန်လင်၊ ဒေါ်အေးခွမ်
ကျောင်းအုပ် အမက-မံရွတ်ဦးသက်နိုင်ဦး ကျောင်းအုပ် မူလွန်-ဟဲလုံဟောင်း
တို့နှင့်အတူ သွားရောက်ဒါနပြုကြပါသည်။ဗန်းမော်မြို့ ဘွားဘွားရိပ်သာသည်
ပေါက်ကုန်းရပ်ကွက်တွင် တည်ရှိပြီး အဖိုးအဖွား(၁၆)ဦးကို
စောင့်ရှောက်ထားပါသည်။စေတနာရှင်များအနေဖြင့် အဟာရဒါန
ပြုနိုင်ကြပါသည်။
အောင်တင့် ပို့စ် ဓာတ်ပုံ
ကျောင်း ကျောင်းသား ဆရာ

Sunday, August 18, 2013
အ.မ.က ဆရာ/မများ
" အ "သုံးလုံးကို တတ်အောင်သင်
အ-အင်္ဂလိပ်စာ၊အင်္ဂလိပ်စကား
အ-အင်တာနက်
အ-အီးမေးလ်
" မ "သုံးလုံးကို မမေ့နဲ့
မ-မသင်
မ-မနေရ
မ-မူလတန်းပညာရေး
" က "သုံးလုံးကို ရှောင်ရှား
က-ကပျက်ယပျက်ပြုလုပ်ခြင်း
က-ကောက်ကျစ်ခြင်း
က-ကိုယ်ကျိုးရှာခြင်း(ကိုယ်ချင်းစာတရားမရှိခြင်း)
အောင်တင့် ပို့စ် ဓာတ်ပုံ
ကျောင်း ကျောင်းသား ဆရာ
အ-အင်္ဂလိပ်စာ၊အင်္ဂလိပ်စကား
အ-အင်တာနက်
အ-အီးမေးလ်
" မ "သုံးလုံးကို မမေ့နဲ့
မ-မသင်
မ-မနေရ
မ-မူလတန်းပညာရေး
" က "သုံးလုံးကို ရှောင်ရှား
က-ကပျက်ယပျက်ပြုလုပ်ခြင်း
က-ကောက်ကျစ်ခြင်း
က-ကိုယ်ကျိုးရှာခြင်း(ကိုယ်ချင်းစာတရားမရှိခြင်း)
အောင်တင့် ပို့စ် ဓာတ်ပုံ
ကျောင်း ကျောင်းသား ဆရာ
Tuesday, August 13, 2013
ဆရာခိုင်လင်း(အမက-ကမ်းနီ)
ဆရာခိုင်လင်း(အမက-ကမ်းနီ၊ဗန်းမော်မြို့နယ်)၏
ကယားပြည်နယ် (ကဗျာ)
- ပြည်နယ်ကယား တည်နေရာ၊ တို့မြန်ပြည်ရဲ့အရှေ့ပိုင်းမှာ
ရှမ်းပြည်နယ်နှင့် ဆက်စပ်ထား၊ ကုန်းမြင့်ဒေသများ
- စီးဆင်းနေသော မြစ်ချောင်းတွေ၊ သံလွင် နမ့်ပွန် ဘီလူးချောင်းလေ
အပူချိန်က မမြင့်မား၊ မိုးအသင့်အတင့်ရွာသွန်းထား
- နှစ်သိန်းလေးသောင်း လူဦးရေ၊ ပြည်နယ်တွင်းမှာလေ
အဓိကသီးနှံ ဆန်စပါး၊ ပြောင်း နှမ်း မြေပဲ စိုက်လို့ထား
- လောပိတက ရေတံခွန်၊ လျှပ်စစ်ဓာတ်အားထုတ်လွတ်ပြန်
မြို့တော်လွိုင်ကော် အမည်တွင်ထား၊ မော်တော် ရထား ဆက်သွယ်သွား
- ခဲမဖြူနှင့်အဖြိုက်နက်ဟာ၊ မော်ချီးသတ္ထု တွင်းထွက်ပါ
မြို့ရန်ကုန်နဲ့ ဟဲဟိုးသို့၊ လေယာဉ်ခရီးဖြင့်သွားကြစို့
- ၂၀၁၀ခုနှစ်မှာ ဆည်တမံက ၁၂ခုပါ
ပေ ၁၈၀ တံတားများ ၈ ခုဆောက်လုပ်ထား
- ပြည်နယ်ထဲမှာ အငယ်ဆုံး၊ လူဦးရေလဲ အနည်းဆုံး
အသေအချာ မှတ်လို့ထား၊ ပြည်နယ်ကယား အချက်အလက်များ
ကဗျာအဖြစ်ဖန်တည်းသူ -ဆရာ ခိုင်လင်း
အမက-ကမ်းနီ(ဗန်းမော်မြို့နယ်)
CCA သရုပ်ပြသင်ကြားသည့်နေ့ - ၁၂.၈.၂၀၁၃
Subscribe to:
Posts (Atom)