Friday, August 30, 2013

ဘိုးဘွားရိပ်သာ အဟာရဒါနပြုခြင်း

     ၂၉.၈.၂၀၁၃ရက်နေ့တွင် ဗန်းမော်မြို့ ဘိုးဘွားရိပ်သာသို့ ဦးအောင်တင့်နှင့် 
ဆရာ/မများမှ စေတနာဖြင့်ထည့်ဝင်ကြသော အလှူငွေဖြင့် အဖိုးအဖွား (၁၆)ဦး
အား ဒါနပြုကျွေးမွေးကြပါသည်။ဒါနပြု ကျွေးမွေးရေးသို့ ဒုတိယမြို့နယ်ပညာရေးမှူးး
 ဦးအောင်တင့်နှင့်အတူ အ.မ.က(၈)ကျောင်းအုပ်ဆရာမ ဒေါ်ခင်ထွေးရီ။ အ.မ.က
(၁)ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နီထွန်း နှင့် GEC မနီလာ စုစုပေါင်းအင်အား
(၄)ဦးဖြင့်  အဖိုးအဖွားများကို သွားရောက်ကြည်ရှု အားပေးစကားများ ပြောကြပါသည်။
 မအားလပ် ၍ မလိုက်နိုင်သောဆရာ/မများကို ဆရာဦးအောင်တင့်အနေဖြင့် 
အင်တာနက်ကနေ အသိပေးအပ်ပါတယ်။လူတိုင်း နုပျိုဖူးကြသည်။ သို့သော် 
လူတစ်ချို့သာ အိုမင်းဖူးသည် ဆိုသည့် ဘိုးဘွားရိပ်သာ ဆောင်ပုဒ်
လေးတိုင်း အဖိုးအဖွားများကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်း
လိုက်ပါတယ်။

No comments:

Post a Comment