Saturday, August 10, 2013

ဧရာဝဏ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ

ဧရာဝဏ် စာစီစာကုံးနှင့်ဆောင်းပါးပြိုင်ပွဲကျင်းပခြင်း
ကချင်ပြည်နယ်၊ဗန်းမော်မြို့ အထက-၃ ကျောင်းဟောခန်းတွင် ၉.၈.၂၀၁၃ရက်နေ့ 
နံနက်(၁၀း၀၀)နာရီအချိန် ဧရာဝဏ်စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကို
 ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသောင်းစိန်နှင့် 
ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်တင့်တို့အနီးကပ်ကြီးကြပ်ဆောင်
ရွက်ခဲ့ပါသည်။အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် မူလတန်း
ဆင့်ကျောင်းသား/သူ(၂၀)ဦး၊အလယ်တန်းဆင့်(အောက်ဆင့်)
ကျောင်းသား/သူ(၁၃)ဦး၊အလယ်တန်းဆင့်(ထက်ဆင့်)ကျောင်းသား/သူ
(၁၃)ဦး၊အထက်တန်းဆင့်ကျောင်းသား/သူ(၁၅)ဦး 
စုစုပေါင်းကျောင်းသား/သူ(၆၁)ဦး ဝင်ရောင်ယှဉ်ပြိုင်ကြပါသည်။
အဆိုပါ ဆောင်းပါးပြိုင်ပွဲတွင် မူလတန်းဆင့်ဆရာမ(၃)ဦး၊
အလယ်တန်းဆင့်ဆရာ/မ(၄)ဦး၊အထက်တန်းဆင့်ဆရာမ(၁)ဦး 
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

No comments:

Post a Comment