၂၈.၈.၂၀၁၃ရက်နေ့ ညနေ(၃း၃၀)နာရီတွင် ဗန်းမော်မြို့၊
အမက-အောင်သာ ကျောင်းတွင် CCA
အုပ်စုဆွေးနွေးပွဲပြုလုပ်ပါသည်။
အခြေခံကျောင်းများဖြစ်သည့် အထက(၃)၊အထက(ခွဲ)-လ(၃)၊
အလက-ပိုက်ဝမ်း၊အမက-အောင်သာ၊မူလွန်-ဝက်ကုန်း၊
အမက-၂၃၇၊အမက-စီအင် နှင့် သီလရှင်သင်ပညာရေးကျောင်း
စုစုပေါင်းကျောင်း(၈)ကျောင်းမှ ဆရာ/မ စုစုပေါင်း(၄၉)ဦး
တက်ရောက်ကြပါသည်။
အဆိုပါ ကျောင်းအုပ်စုဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်
ပညာရေးမှူး ဆရာဦးအောင်တင့်လည်း တက်ရောက်ဆွေးနွေး
အကြံပြု ပါသည်။ဆွေးနွေးပွဲတွင် သရုပ်ပြသင်ခန်းစာအဖြစ်
ဒုတိယတန်း၊ အထွေထွေဘာသာရပ်မှ အသံ အကြောင်းကို
မူလွန်-ဝက်ကုန်းကျောင်းမှ ကျောင်းအုပ် ဦးညိုမင်းထွေးမှ
သရုပ်ပြသင်ကြားပေးပါသည်။ ဆရာ/မများ အားလုံးနှစ်သက်
သဘောကျကြပါသည်။
No comments:
Post a Comment