၁၈.၈.၂၀၁၃ ရက်နေ့က ဗန်းမော်မြို့ဘိုးဘွားရိပ်သာသို့ပညာရေးဌာနမှ
အဟာရဒါန(၁)ရက်စာဒါနပြုကြပါသည်။ဒါနပြုရန် ဒုတိယမြို့နယ်
ပညာရေးမှူး ဦးအောင်တင့် နှင့် မူလတန်းကျောင်းအုပ် ဆရာ/မကြီးများ
သွားရောက်ကြပါသည်။ဒေါ်တင်တင်သိန်း ကျောင်းအုပ် မူလွန်-မ(၄)၊
ဒေါ်မိမိကြီး ကျောင်းအုပ် မူလွန်-မ(၅)၊ဒေါ်အေးအေးမြင့် ကျောင်းအုပ်
မူလွန်-ရှမ်းဝိုင်း၊ ဒေါ်သန်းငွေ ကျောင်းအုပ် အမက-နောင်ခို(၂)
ဒေါ်အေးခင်မြင့် ကျောင်းအုပ် အလက(ခွဲ)-သိန်လင်၊ ဒေါ်အေးခွမ်
ကျောင်းအုပ် အမက-မံရွတ်ဦးသက်နိုင်ဦး ကျောင်းအုပ် မူလွန်-ဟဲလုံဟောင်း
တို့နှင့်အတူ သွားရောက်ဒါနပြုကြပါသည်။ဗန်းမော်မြို့ ဘွားဘွားရိပ်သာသည်
ပေါက်ကုန်းရပ်ကွက်တွင် တည်ရှိပြီး အဖိုးအဖွား(၁၆)ဦးကို
စောင့်ရှောက်ထားပါသည်။စေတနာရှင်များအနေဖြင့် အဟာရဒါန
ပြုနိုင်ကြပါသည်။
အောင်တင့် ပို့စ် ဓာတ်ပုံ
ကျောင်း ကျောင်းသား ဆရာ
No comments:
Post a Comment