ဆရာခိုင်လင်း(အမက-ကမ်းနီ၊ဗန်းမော်မြို့နယ်)၏
ကယားပြည်နယ် (ကဗျာ)
- ပြည်နယ်ကယား တည်နေရာ၊ တို့မြန်ပြည်ရဲ့အရှေ့ပိုင်းမှာ
ရှမ်းပြည်နယ်နှင့် ဆက်စပ်ထား၊ ကုန်းမြင့်ဒေသများ
- စီးဆင်းနေသော မြစ်ချောင်းတွေ၊ သံလွင် နမ့်ပွန် ဘီလူးချောင်းလေ
အပူချိန်က မမြင့်မား၊ မိုးအသင့်အတင့်ရွာသွန်းထား
- နှစ်သိန်းလေးသောင်း လူဦးရေ၊ ပြည်နယ်တွင်းမှာလေ
အဓိကသီးနှံ ဆန်စပါး၊ ပြောင်း နှမ်း မြေပဲ စိုက်လို့ထား
- လောပိတက ရေတံခွန်၊ လျှပ်စစ်ဓာတ်အားထုတ်လွတ်ပြန်
မြို့တော်လွိုင်ကော် အမည်တွင်ထား၊ မော်တော် ရထား ဆက်သွယ်သွား
- ခဲမဖြူနှင့်အဖြိုက်နက်ဟာ၊ မော်ချီးသတ္ထု တွင်းထွက်ပါ
မြို့ရန်ကုန်နဲ့ ဟဲဟိုးသို့၊ လေယာဉ်ခရီးဖြင့်သွားကြစို့
- ၂၀၁၀ခုနှစ်မှာ ဆည်တမံက ၁၂ခုပါ
ပေ ၁၈၀ တံတားများ ၈ ခုဆောက်လုပ်ထား
- ပြည်နယ်ထဲမှာ အငယ်ဆုံး၊ လူဦးရေလဲ အနည်းဆုံး
အသေအချာ မှတ်လို့ထား၊ ပြည်နယ်ကယား အချက်အလက်များ
ကဗျာအဖြစ်ဖန်တည်းသူ -ဆရာ ခိုင်လင်း
အမက-ကမ်းနီ(ဗန်းမော်မြို့နယ်)
CCA သရုပ်ပြသင်ကြားသည့်နေ့ - ၁၂.၈.၂၀၁၃
No comments:
Post a Comment